Posts

Showing posts from February, 2022

beginning Moon, Earth, Universe

Image
 နေ၊ လ၊ ကမ္ဘာ၊ စကြဝဠာ အစ (၇၄၃) နေ၊ လ၊ ကမ္ဘာ၊ စကြဝဠာ အစ ကို သိလိုသူများ အားလုံး အတွက်  ဝေမျှပါရစေ၊ စကြဝဠာဟာ အလွန် အမတန် သိပ်သည်းရာက အလွန်တိုတောင်းတဲ.အချိန်ကာလတိုလေးအတွင်းမှာ  မဟာပေါက်ကွဲမှုဖြစ်ခဲ.တယ်၊  မဟာပေါက်ကွဲမှု သီအိုရီ (Big Bang)စကြဝဠာ၏အစ အထူးမှတ် (singularity) လို. သတ်မှတ်ပြီး လွန်ခဲ့သောနှစ်ပေါင်း  ခန့်မှန်းခြေ  ၁၃.၇၉၉ ± ၀.၀၂၁ ဘီလီယံနှစ်ကဖြစ်ပါတယ်၊ "the Big Bang singularity"စပြီးတော. တစက္ကန်.ရဲ. တထောင်ပုံတပုံအတွင်းမှာဘဲ၊ ပရိုတွန်၊ အီလက်ထရွန်တွေ ဖြစ်ပြီး၊  မီးနစ်အနည်းငယ်ထပ်ကြာတာနဲ. အဲဒီ အမှုန်တွေပေါင်းစည်းပြီး အက်တမ် နျူကလိယတို.စဖြစ်တော.၊ အက်တမ်အလေးဆ အငယ်ဆုံး ဟိုက်ဒြိုဂျင်၊ ဟီလီယံတို. စဖြစ်ခဲ.တယ်၊ (ဟိုက်ဒြိုဂျင်၊ အက်တမ်ကို သင်္ကေတအားဖြင့် ( H ) ဖြင့်ဖော်ပြပြီး နျူကလိယ တစ်ခု၊ ပရိုတွန်တစ်လုံးနှင့် အီလက်ထရွန်တစ်လုံးဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားတယ်၊ ဟီလီယမ်၏ အက်တမ်အလေးဆသည် ၄ ဖြစ်ပြီး အက်တမ်အမှတ်သည် ၂ ဖြစ်တယ်၊ အက်တမ်အမှတ်သည် ၂ ဟီလီယမ် မှာ ဟီလီယမ်အက်တမ် ၏ နျူကလိယပ်တွင် ပရိုတွန်နှစ်ခုရှိပြီး နျူထရွန်နှစ်ခုရှိ တယ်၊ - စကြဝဠာကြီးကို အခြေခံအားလေးမျိုးဖြစ်တဲ့ လ...